အိန္ဒိယနိုင်ငံရှိ ကုန်တင်ရထားသည် မောင်းသူမပါဘဲ ကီလိုမီတာ ၇၀ အထိ ရွေ့လျားသွား

(GMT+08:00)2024-02-26 13:37:19  

အိန္ဒိယနိုင်ငံ နယူးဒေလီရုပ်မြင်သံကြားဌာန၏ ဖော်ပြချက်အရ ဖေဖော်ဝါရီလ ၂၅ရက်နေ့က အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ကုန်တင်ရထားတစ်စင်းသည် မောင်းသူမပါဘဲ ကီလိုမီတာ ၇၀ ခန့် အထိ ရွေ့လျားသွားကြောင်း သိရပါသည်။

ယင်းရထားသည် ရထားတွဲ ၅၃ တွဲပါရှိပြီး ကျောက်ခဲ များကို သယ်ဆောင်ခဲ့ပါသည်။ ရထား မောင်းသူသည် ရထားပေါ်မှ မဆင်းမီ လက်ဘရိတ်ကို အသုံးပြုရန် မေ့သွားသဖြင့် ရထားသည် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ခန့် အမြန်နှုန်းဖြင့် ကြမ်းတမ်းသော လမ်းပေါ်တွင် စတင် ရွေ့လျားခဲ့ပါသည်။ အဆိုပါ မတော်တဆမှုတွင် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း အစိုးရဘက်က ပြောကြားခဲ့သည်။