ညကောင်းကင်ယံမှာ လင်းထိန်နေသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မီးနဂါးကြီး

(GMT+08:00)2024-02-26 13:51:42  

ကွမ်တုန်းပြည်နယ် မေကျိုးမြို့ ဖုန်းရွှင့်ခရိုင်တွင် နှစ်စဉ်နှစ်တိုင်း  မုန့်လုံးရေးပေါ်ပွဲတော်နေ့ ရောက်သည့်အခါ မီးနဂါးများ ကြိုဆိုပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိပါသည်။

ဖုန်းရွှင့် ပုဇိုင်း မီးနဂါးများ ကြိုဆိုပွဲသည် မေကျိုးမြို့၏ နှစ်ပေါင်း ၃၀၀ ကျော် သမိုင်းကြောင်းရှိသော ရိုးရာယဉ်ကျေးမှု လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။ "ပုဇိုင်းမီးနဂါး" ကို သံဝါယာကြိုး၊ ဝါး၊ စက္ကူ စသည်တို့ဖြင့် ပြုလုပ်ထားပြီး အကြေးခွံများ၊ ဦးချိုများနှင့် ခြေသည်းများကို ဆွဲကာ နဂါး၏ ဦးခေါင်းမှ အမြီးအထိ မီတာ သုံးလေး ဆယ်လောက်ရှည်ပါသည်။ ထောင်ပေါင်းများစွာရှိသော မီးရှူးမီးပန်းများနှင့် ဗြောက်အိုးများကို နဂါး၏ ခန္ဓာကိုယ်ပေါ်တွင် တပ်ဆင်ထားပြီး မီးနဂါးတစ်ကောင်ကို  လူငယ်  သုံးလေး ဆယ်က ချုပ်နှောင် ထားလေ့ ရှိပါသည်။