ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း G7 ဆို

(GMT+08:00)2024-02-25 15:57:53  

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အီတလီဝန်ကြီးချုပ် မီလိုနီသည် ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ်တွင် G7 အုပ်စု ထိပ်သီးခေါင်းဆောင်များ ဗီဒီယို အစည်းအဝေးကို ဦးစီးကျင်းပခဲ့ပြီး ယူကရိန်းနိုင်ငံအတွက် ထောက်ပံ့ကူညီပေးရေးကို အဓိကဆွေးနွေးခဲ့ကြပါသည်။ ယင်း အစည်းအဝေးတွင် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့် ဆောင်ရွက် မည်ဖြစ် ကြောင်း ကြေညာချက်တစ်ရပ်ကို အတည်ပြုထုတ်ပြန်ခဲ့ပါသည်။