China Media Groupမှ မုန့်လုံးရေပေါ် ပွဲတော် ညပဒေသာကပွဲ၏ မိတ်ဆက် ဗီဒီယို နိုင်ငံများစွာ၌ ထုတ်လွှင့်ပြသ

(GMT+08:00)2024-02-25 15:50:19  



China Media Groupမှ ၂၀၂၄ ခုနှစ် မုန့်လုံးရေပေါ် ပွဲတော် ညပဒေသာကပွဲ၏ မိတ်ဆက် ဗီဒီယိုကို နိုင်ငံများစွာ၌ ထုတ်လွှင့်ပြသခဲ့ပါသည်။

   ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညက အီဂျစ်နိုင်ငံ နိုင်ငံရေးမြို့တော်သစ်ရှိ အာဖရိက၌ အမြင့်ဆုံး မျှော်စင်တွင် China Media Groupမှ မုန့်လုံးရေပေါ် ပွဲတော် ညပဒေသာကပွဲ၏ မိတ်ဆက် ဗီဒီယိုကို ထုတ်လွှင့်ပြသပြီး ဒေသခံ ပြည်သူပြည်သားများ၊ တရုတ် အနွယ်ဖွားများနှင့်အတူ တရုတ်ရိုးရာ မုန့်လုံးရေးပေါ်ပွဲတော်ကို အတူ နွှဲပျော်ခဲ့ကြပါသည်။

   ယင်းနေ့၌ပင် အာရပ်စော်ဘွားများနိုင်ငံ၊ ကာတာနိုင်ငံရှိ အကြီးစား ဈေးဝယ်စင်တာများ၊ စူပါမားကတ်များ အနီးရှိ ဖန်သားပြင်ကြီး ၂၆၀ ခန့်တွင်လည်း China Media Groupမှ မုန့်လုံးရေပေါ် ပွဲတော် ညပဒေသာကပွဲ၏ မိတ်ဆက် ဗီဒီယိုကို ဆက်တိုက် ပြသခဲ့ပြီး ဒေသခံများနှင့်အတူ တရုတ် နှစ်သစ်ကူး အငွေ့အသက်များကို ခံစားခဲ့ကြပါသည်။