တရုတ်နိုင်ငံက တောင်ပင်လယ် ဂေဟစနစ်ကို ဖျက်ဆီးသည် ဟူသော အမေရိကန် CSIS ၏ မဟုတ်မမှန် ပြောဆိုခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဖြေကြား

(GMT+08:00)2024-02-25 15:17:30  

မေး၊ မကြာခင်က အမေရိကန် တတ်သိပညာရှင်အဖွဲ့ CSIS က အစီရင်ခံစာကို ထုတ်ပြန်ကာ ၂၀၁၂ ခုနှစ်မှစပြီး တရုတ်နိုင်ငံက တောင်ပင်လယ် ကျွန်းနဲ့ ကျောက်ဆောင်တွေမှာ တည်ဆောက်ခြင်းနဲ့ ခုံးကောင်ကြီးများ ဖမ်းခြင်းတို့ကြောင့် သန္တာကျောက်ဆောင် ဧက ၂၁၀၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ ဒီအပေါ် သံရုံးက ဘာမှတ်ချက်ရှိသလဲလို့ မေးခဲ့ရာ

ဖြေ၊ CSIS က မဟုတ်မမှန် အစီရင်ခံစာကို ဖန်တီးပြုလုပ်ကာ ဂြိုဟ်တုဓာတ်ပုံ သုံးလေးခုကိုသာ ကြည့်ပြီး အကဲဖြတ် ပြောဆို၍ ပြီးခဲ့တဲ့သုံးလေးနှစ်တုန်းကပဲ အတုဖြစ်တယ်ဆိုတာကို သက်သေခံခဲ့ရပြီး မဟုတ်မမှန်သတင်းကိုဖြန့်ခဲ့တယ်။ ဒါဟာ ဖြစ်ရပ်မှန်နဲ့ မကိုက်ညီတဲ့အပြင် စမ်းသပ်မှု ခံနိုင်တာလည်း မဟုတ်ဘူး။ သူတို့ စွဲစွဲမြဲမြဲ ဒီလိုလုပ်တဲ့ အကြောင်းရင်းဟာ ကြံရာမရ ဖြစ်တဲ့အပြင် မသမာ ရည်ရွယ်ချက် ရှိတာလည်း ဖြစ်ချင်ဖြစ်မယ်။ တရုတ်နိုင်ငံဟာ နန်ဆား ကျွန်း၊ ကျောက်ဆောင်များနဲ့ ကပ်လျက် ပင်လယ်ရပ်ဝန်း ဂေဟစနစ် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို တစ်လျှောက်လုံး အလေးထားပြီး ပြည်တွင်းဥပဒေနဲ့ နိုင်ငံတကာ ဥပဒေအရ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနဲ့ တိုင်းတာရေး လုပ်ငန်းများကို လုပ်ဆောင်နေခဲ့တယ်။ သက်ဆိုင် ရာတို့ အနေနဲ့ ဖြစ်ရပ်မှန်ကို လေးစားနိုင်ဖို့ မျှော်လင့်တယ်လို့ ဖြေကြားခဲ့ သည် ။