တရုတ်နိုင်ငံသည် ဆက်သွယ်ရေးနည်းပညာစမ်းသပ်ဂြိုဟ်တု အမှတ် ၁၁ ကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2024-02-24 12:55:14  

   ဘေကျင်းစံတော်ချိန် ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၇နာရီ မိနစ် ၃၀က တရုတ်နိုင်ငံသည် ဝင်ချမ်း အာကာသ လွှတ်တင်ရေးစခန်းတွင် Long March 5 Yao-7 သယ်ဆောင်ဒုံးပျံဖြင့် ဆက်သွယ်ရေးနည်းပညာစမ်းသပ်ဂြိုဟ်တုအမှတ်-၁၁ ကို အောင် မြင်စွာ လွှတ်တင်ခဲ့ပါသည်။ ယင်းဂြိုဟ်တုသည် ရည်မှန်းထားသော ပတ်လမ်းသို့ အောင်မြင်စွာ ဝင်ရောက်ကာ လွှတ်တင်ရေးတာဝန်ကို ပြီးမြောက် အောင်မြင်ခဲ့သည်။ အဆိုပါ ဂြိုဟ်တုကို လှိုင်းနှုန်းများနှင့် မြန်နှုန်းမြင့် ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာများ စမ်းသပ် စိစစ် ရန်အတွက် အဓိကအသုံးပြု ကြောင်း သိရှိရ သည်။