ရှီကျင့်ဖိန်၏ နိုင်ငံရေးစီမံခန့်ခွဲမှု စာအုပ် စတုတ္ထတွဲကို တိုင်းရင်းသား ဘာသာစကား ၅ မျိုးဖြင့် ဘာသာပြန် ထုတ်ဝေ

(GMT+08:00)2024-02-24 12:58:10  

        ရှီကျင့်ဖိန်၏ နိုင်ငံရေးစီမံခန့်ခွဲမှု စာအုပ် စတုတ္ထတွဲကို မွန်ဂိုးဘာသာ၊ ဇန့်ဘာသာ၊ ဝေဂါဘာသာ၊ ကာဇက်ဘာသာနှင့် ကိုရီယားဘာသာ စသည့် တိုင်းရင်းသား ဘာသာစကား ၅ မျိုးဖြင့် ဘာသာပြန်ပြီး တရုတ်ပြည် တစ်ပြည်လုံး၌ ဖြန့်ချိထုတ်ဝေထားသည်။

        ရှီကျင့်ဖိန်၏ နိုင်ငံရေးစီမံခန့်ခွဲမှု စာအုပ် စတုတ္ထတွဲတွင် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ  ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့ထိ ကာလအတွင်း အရေးကြီးသော မိန့်ခွန်းများ၊ ပြောကြားချက်များ။ လမ်းညွှန်ချက်များ၊ ဂုဏ်ပြုသဝဏ်လွှာများ ပါဝင်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ယခုအထိ ဓာတ်ပုံ ၄၅ပုံလည်း ပါဝင်ကြောင်း သိရပါသည်။