"မင့်ကျိုး"နှင့် "လန်ယွဲ့"- တရုတ် လူပါ လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်များ၏ အမည်ကို တရားဝင် သတ်မှတ်

(GMT+08:00)2024-02-24 13:48:45  

  တရုတ် လူပါအာကာသယာဉ် အင်ဂျင်နီယာလုပ်ငန်းရုံးမှ သတင်းဖော်ပြချက်အရ မကြာမီက တရုတ် လူပါ လကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်များ၏ အမည်ကို တရားဝင် သတ်မှတ်ခဲ့ပြီ ဖြစ်ကာ မျိုးဆက်သစ် လူပါအာကာသယာဉ်၏ အမည်ကို "မင့်ကျိုး" အဖြစ် သတ်မှတ်ပြီး လကမ္ဘာ၏ ကျောဖက်ဆင်းယာဉ် အမည်ကို "လန်ယွဲ့"အဖြစ် သတ်မှတ်ထားကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

   မျက်မှောက်အချိန်တွင် "မင့်ကျိုး" အာကာသယာဉ်၊ "လန်ယွဲ့" လကမ္ဘာ ကျောဖက်ဆင်းယာဉ်နှင့် Long March 10 သယ်ဆောင်ဒုံးပျံတို့သည် ပဏာမ လေ့လာ ထုတ်လုပ်ရေး အဆင့်ကာလသို့ ရောက်ရှိပြီ ဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းများ ချောမောစွာ တိုးတက်လာနေကြောင်း သိရပါသည်။