တရုတ်နိုင်ငံ၏ပထမဆုံး text-to-video AI ကာတွန်းစီးရီး "Ode to a Thousand Autumn Poems"စတင်ထုတ်လွှတ်၊ CMG ၏ Artificial Intelligence Studio ကိုဖွင့်လှစ်

(GMT+08:00)2024-02-24 13:00:23  

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံ၏ပထမဆုံး text-to-video AI ကာတွန်းစီးရီး "Ode to a Thousand Autumn Poems"ကို စတင်ထုတ်လွှင့် ခြင်းနှင့် CMG မှ Artificial Intelligence Studio ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဉက္ကဋ္ဌ Shen Haixiongသည် အခမ်းအနားသို့ တက် ရောက်ခဲ့ပြီး တရုတ်အင်ဂျင်နီယာအကယ်ဒမီမှ သိပ္ပံပညာရှင်၊ ချင်းဟွာတက္ကသိုလ် သတင်းအချက်အလက် သိပ္ပံ နည်းပညာ ကောလိပ်ကျောင်း ကျောင်းအုပ်ကြီး၊ တရုတ်Artificial Intelligence အသင်းဥက္ကဋ္ဌ Dai qionghaiနှင့်အတူ CMGမှ Artificial Intelligence Studio၏ ဖွင့်လှစ်ခြင်းကို ကြေညာခဲ့ပြီး  တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ ကာတွန်း စီးရီး ထုတ်လွှင့်ခြင်းကို ကြေညာခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

CMG၏ Comprehensive Channel မှ ဦးဆောင်စီစဉ်သော ကာတွန်းစီးရီး"Ode to Poems of the Thousand Autumn" သည် တရုတ်ဘာသာစကားဖတ်စာအုပ်များမှ ကဗျာပေါင်း ၂၀၀ ကျော်ကို AI ဉာဏ်ရည်တုနည်းပညာဖြင့် လှပသော ကာတွန်းအလှများအဖြစ် ပြောင်းလဲထားခြင်းဖြစ်ကြောင်း သိရပါသည်။