ဂါဇာဒေသ စစ်ပြီးကာလ အစီအစဉ်ကို အစ္စရေး ဝန်ကြီးချုပ်က လုံခြုံရေး ကက်ဘိနက်ထံသို့ တင်ပြ၊ ပါလက်စတိုင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူက အစ္စရေး၏ အစီ အစဉ် ကို ပြစ်တင် ရှုတ်ချ

(GMT+08:00)2024-02-24 12:56:02  

    အစ္စရေးဝန်ကြီးချုပ်ရုံးသည် ဖေဖော်ဝါရီလ  ၂၂ ရက်နေ့ ညက ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ  အစ္စရေးဝန်ကြီးချုပ် နေတာညာဟူးက ဂါဇာဒေသ စစ်ပြီးကာလ အစီအစဉ်ကို စိစစ်ရန် လုံခြုံရေးကက်ဘိနက်ထံသို့ တင်သွင်း ထား ကြောင်း ၊ ယင်အစီအစဉ်အရ အစ္စရေးတပ်ဖွဲ့သည် ၎င်း၏ရည်မှန်းချက်ကို အကောင် အထည် ဖော်ဆောင်သည့် တိုင်အောင် ဂါဇာတွင် စစ်ဆင်ရေးများကို ဆက်လက် ဆောင်ရွက် မည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

   ၎င်းကြေညာချက်ကို ရည်ညွှန်ပြီး ပါလက်စတိုင်းသမ္မတ Abbas ၏ ပြောရေး ဆိုခွင့် ရှိသူ Rudenai က အစ္စရေး၏အစီအစဉ်ကို ပြစ်တင်ရှုတ်ချကြောင်း၊  ဂါဇာ ဒေသသည် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ၏ တစ်စိတ်တစ်ပိုင်းသာဖြစ်နိုင်ပြီး ဂါဇာဒေသ၏ ပထဝီဝင်နှင့် လူဦးရေ အခြေအနေကို ပြောင်းလဲရန် အစ္စရေး၏ ကြံဆမှုသည် အောင်နိုင်မည်မဟုတ်ကြောင်း  ပြောကြားခဲ့သည်ဟု ဖေဖော်ဝါရီလ ၂၃ ရက်နေ့၌ ပါလက်စတိုင်းသတင်းအေဂျင်စီ "Wafa" မှ သတင်း ထုတ်ပြန်ခဲ့သည်။