"ဒေတာစုဆောင်းရန် ဆိပ်ကမ်း ကရိန်းများကို တရုတ်နိုင်ငံက အဝေးမှ ထိန်းချုပ်သည်" ဟူသော ပြောဆိုခြင်းသည် အထောက်အထား လုံးဝမရှိဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-02-24 12:57:48  

        ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

        Wall Street Journal မှ သတင်းအရ ဘိုင်ဒန်အစိုးရသည် အမေရိကန်နိုင်ငံတွင် ကရိန်းများ ထုတ်လုပ်ရန်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် စီစဉ် ထားသည်၊ ယခင်က တရုတ်ပြည် ထုတ်လုပ်သော ကရိန်းများသည် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ် ဖြစ်စေသည်ဟု အမေရိကန်မှ ပုဂ္ဂိုလ် အချို့က ထောက်ပြခဲ့သည်၊ ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ဘယ်လို သုံးသပ်သလဲ ဆိုပြီး  Bloomberg မှ သတင်းထောက် တစ်ဦးက မေးမြန်းခဲ့သည်။

        ယင်းနှင့်ပတ်သက်ပြီး မော်နင်က "ဒေတာစုဆောင်းရန် ဆိပ်ကမ်းကရိန်းများကို တရုတ် နိုင်ငံက အဝေးမှ ထိန်းချုပ်သည်" ဆိုခြင်းသည် အထောက်အထား လုံးဝမရှိကြောင်း၊ အမေရိကန်၏ အမျိုးသားလုံခြုံရေးဆိုင်ရာ သဘော အဓိပ္ပာယ် ကို ချဲ့ထွင်အသုံးပြုခြင်း၊ နိုင်ငံ့ အင်အားကို အလွဲ သုံးစားခြင်းနှင့် တရုတ်ပြည်ထုတ် ကုန်ပစ္စည်းများနှင့် ကုမ္ပဏီများကို အကြောင်းမဲ့ ဖိနှိပ်ခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ စီးပွားကုန်သွယ်မှုဆိုင်ရာ ရေးရာများကို ကိရိယာနှင့် လက်နက် အဖြစ် အသုံးချခြင်းသည် ကမ္ဘာ့ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့မှု ကွင်းဆက်၏ လုံခြုံရေးအန္တရာယ်များကိုသာ ဆိုးဝါးစေပြီး နောက်ဆုံးတွင် နှစ်ဖက်လုံး ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။