ငါးနှစ်အတွင်း ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသကြီး၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏမှာ စုစုပေါင်း ယွမ် ၃၅ ထရီလီယံ ကျော်လွန်

(GMT+08:00)2024-02-24 13:02:19  

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီတို့သည် "ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသကြီး ဖွံ့ဖြိုးရေးစီမံကိန်း"ကို  ထုတ်ပြန်ခဲ့ပြီး ယခုအချိန်အထိ ငါးနှစ် ပြည့်နေပြီဖြစ်သည်။  ၅ နှစ်အတွင်း ဒေသကြီးရှိ မြို့ ၉ မြို့၏ နိုင်ငံခြားကုန်သွယ်မှုပမာဏမှာ စုစုပေါင်း ယွမ် ၃၅ ထရီလီယံ ကျော်လွန် သွားခဲ့ပြီး၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဒေသကြီး၏ သွင်းကုန်ပို့ကုန်ပမာဏမှာ ယွမ် ၃၇. ၃၄ ထရီလီယံ ရှိ၍ သွင်းကုန်နှင့် ပို့ကုန်နှစ်ခုစလုံးသည် အလားတူကာလအတွင်း ကွမ်တုန်းပြည်နယ် နိုင်ငံခြားကုန်သွယ်မှု၏ ၉၅ ရာခိုင်နှုန်းကျော်ရှိကြောင်း သတင်းအရ သိရှိရ သည်။