ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားခဲ့တာ နှစ်နှစ် ပြည့်နေပြီ၊ လူတွေက အချက်သုံးချက်ကို ပိုမို ရှင်းလင်းစွာ နားလည် သိရှိလာပြီ

(GMT+08:00)2024-02-24 12:59:25  

   ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားခဲ့တာ နှစ်နှစ် ပြည့်နေပါပြီ။

   ရုရှား-ယူကရိန်း ပဋိပက္ခဟာ စစ်အေးကာလအပြီး ဥရောပမှာ ဖြစ်ပွားနေခဲ့တဲ့ အပြင်းထန်ဆုံးရွားဆုံးသော ဒေသတွင်း စစ်ပွဲ တစ်ရပ် ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ အဆင့်မြင့်အရာရှိများရုံးမှ စာရင်းအရ ပဋိပက္ခများကြောင့် ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း ရုရှားနဲ့ ယူကရိန်း နှစ်ဖက်မှ သေကျေဒဏ်ရာရရှိသူ ဦးရေဟာ ၅ သိန်းကျော် ရှိပြီး ယူကရိန်း နိုင်ငံသား သန်း ၁၀၀ ကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ပဋိပက္ခ ဖြစ်ပွား ခဲ့ပြီးနောက် တစ်ကမ္ဘာလုံးမှ စွမ်းအင်ဈေးနှုန်းနဲ့ စားနပ်ရိက္ခာ ဈေးနှုန်းများ တရှိန်ထိုး မြင့်တက်လာပြီး အာဖရိကနိုင်ငံ အချို့မှာ စားနပ်ရိက္ခာ အကျပ်အတည်းနဲ့တောင် ကြုံတွေ့ ခဲ့ရတယ်။ ဥရောပနိုင်ငံများရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ လျော့နည်းလာပြီး တစ်ချို့နိုင်ငံမှာ စီးပွားရေး ဆုတ်ယုတ်မှု လက္ခဏာများတောင် ပေါ်လာနေပါတယ်။

   ရုရှား-ယူကရိန်း ပဋိပက္ခကို နောက်ကြောင်းပြန်သုံးသပ်ရာမှာ နိုင်ငံတကာ နိုင်ငံရေးဟာ လွယ်လွယ်လေးဖြစ်တဲ့ သင်္ချာ ဖော်မြူလာ မဟုတ်ကြောင်း၊ စစ်အေးကာလ အတွေး အခေါ် ဟာ ပဋိပက္ခရဲ့ အရင်းအမြစ် ဖြစ်ကြောင်းနဲ့ အမေရိကန်က ပဋိပက္ခကို ပြုလုပ် တွန်းအားပေး သူပဲ ဖြစ်ကြောင်း စသဖြင့်  လူတွေက အချက်သုံးချက်ကို ပိုမို ရှင်းလင်းစွာ နားလည် သိရှိလာခဲ့ ပြီ။

   ရုရှား-ယူကရိန်း ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ချိန်ကပဲ ကျွမ်းကျင်ပညာရှင်များက အမေရိကန် ဦးဆောင်တဲ့ နေတိုးအဖွဲ့ဟာ ရုရှားရဲ့ လုံခြုံရေးဆိုင်ရာ ပြေးပေါက် ပိတ်တဲ့အထိ အဆက်မပြတ် ဖိအားပေးခဲ့တာကြောင့် အခြေအနေများ ပြင်းထန်ဆိုးရွားလာစေပြီး နောက်ဆုံးမှာ ပဋိပက္ခ ဖြစ်ပွားစေခဲ့ခြင်း ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆ ခဲ့ကြ ပါတယ်။ အမေရိကန်ရဲ့ ရည်ရွယ်ချက်ဟာ ရုရှား အားနည်းလာအောင်၊ ဥရောပ ရှုပ်ထွေး လာအောင် လုပ်ဆောင်ပြီး အကျပ်အတည်းများကို အခြားနိုင်ငံများအား လွှဲပြောင်းရန်၊ ဒီလိုနဲ့ ပြဿနာ ထဲကနေ အကျိုးစီးပွားကို ရရှိပြီး ဗိုလ်ကျ စိုးမိုးမှုကို ထိန်းသိမ်းနိုင်ရန်ပဲ ဖြစ်ပါတယ်။

   ယူကရိန်း အကျပ်အတည်းများ ရေရှည် ဖြစ်ခြင်း၊ ရှုပ်ထွေးလာခြင်းနဲ့ ချဲ့ထွင်လာခြင်းတို့ဟာ နိုင်ငံတကာ မိသားစုကြီးရဲ့ ဘုံအကျိုးစီးပွားနဲ့ မကိုက်ညီဘဲ စေ့စပ်ဆွေးနွေးမှုများသာ အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းဖို့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်တယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။