အမေရိကန် လ ဆင်းယာဉ်သည် နှစ်ပေါင်း ၅၀ ကျော်ကြာပြီးနောက် လကမ္ဘာသို့ ပြန်လည် ရောက်ရှိ

(GMT+08:00)2024-02-24 12:56:40  

အမေရိကန်ကုမ္ပဏီ "Intuition Machines" မှ တီထွင်ထုတ်လုပ်သော လဆင်းယာဉ် "Odysseus" သည် အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် လကမ္ဘာသို့ ဆင်းသက်ခဲ့ပါသည်။ ယင်းသည် နှစ်ပေါင်း ၅၀ ကျော်ကြာပြီးနောက် အမေရိကန် အာကာသယာဉ်က လကမ္ဘာသို့ ပထမဆုံးအကြိမ် ဆင်းသက်ခြင်း ဖြစ်ပါသည်။

"Odysseus" သည် အမေရိကန် NASA မှ သိပ္ပံနည်းပညာ ကိရိယာမျိုးစုံနှင့် စီးပွားဖြစ် ပစ္စည်းများကို သယ်ဆောင်ခဲ့ပါသည်။ အဆိုပါ ကိရိယာများသည် အနာဂတ်တွင် လူသားများ၏ လကမ္ဘာကို စုံစမ်းစစ်ဆေးရန် ပြင်ဆင်ရေးအတွက် အထောက်အကူ ဖြစ်မည်ဟု NASA မှ ပြောကြား ခဲ့ပါသည်။