အမေရိကန်က တရုတ်ထိုင်ဝမ်ဒေသသို့ လက်နက်ရောင်းချခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-02-24 12:45:20  

အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်များကို တရုတ်နိုင်ငံ တော် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhang Xiaogang က ဖြေကြားခဲ့ သည်။

သတင်းထောက်- အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက မကြာသေးမီက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်ဝမ်သို့ အမေရိကန်ဒေါ်လာ ၇၅ သန်းခန့် တန်ဖိုး ရှိသော စစ်နည်းဗျူဟာ ဒေတာချိတ်ဆက်မှုစနစ် အဆင့်မြှင့်တင်မှု အစီအစဉ်ကို ရောင်းချရန် အတည်ပြုလိုက်ပြီဟု ဆိုသည့် အပေါ်တွင် မှတ်ချက်တစ်ခုခု ပြုရန် ရှိပါသ လား။

Zhang Xiaogang - အမေရိကန်အနေဖြင့် တရုတ်ထိုင်ဝမ်ဒေသသို့ လက်နက်ရောင်းချခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါသည်။ ဒီရပ်တည်ချက်က ခိုင်မာပြတ်သားပါသည်။ ယင်းလုပ်ဆောင်ချက်များသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေး အကျိုးစီးပွားကို ဆိုးရွားစွာ ထိခိုက်ပြီး တရုတ်နှင့် အမေရိကန် တပ်မတော် အကြား ဆက်ဆံရေးကို ဆိုးရွားစွာ ဖျက်ဆီးကာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်၍ ထိုင်ဝမ် ရေလက်ကြားတွင် တင်းမာမှုများ မြင့်တက်စေခဲ့သည်။ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးတို့ကို ကာကွယ်ရန် လက်တွေ့ကျသော ဆောင်ရွက်မှုများ လုပ်ဆောင်ရန် အမေရိကန်ကို မိမိတို့ တိုက်တွန်းသည်။ တရုတ်နိုင်ငံသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန် ပြတ်ပြတ် သားသား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။