ရှီကျင့်ဖိန်သည် ဗဟိုဘဏ္ဍာရေးနှင့် စီးပွားရေးကော်မရှင် စတုတ္ထအကြိမ်အစည်းအဝေးကို ဦးစီးကျင်းပ

(GMT+08:00)2024-02-24 12:45:52  

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗဟိုဘဏ္ဍာရေးနှင့် စီးပွားရေးကော်မရှင် စတုတ္ထအကြိမ် အစည်းအဝေးကို ဦးစီးကျင်းပခဲ့ပါသည်။ ရှီကျင့်ဖိန်က ထုတ်ကုန်များ ပိုမို လျင်မြန်စွာ အဆင့်မြှင့်တင်ခြင်းသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အရေးကြီးသော အစီအမံဖြစ်ပြီး စက်ကိရိယာများ အတိုင်းအတာ ကြီးမားစွာ အဆင့်မြှင့်တင်ခြင်းနှင့် လူသုံးကုန်ပစ္စည်း အဟောင်းများကို အသစ်များဖြင့် အစားထိုးခြင်းအား တွန်းအားပေးရမည် ဖြစ်ကြောင်း၊ကုန်စည်စီးဆင်းမှုသည် ထုတ်လုပ်မှုနှင့် စားသုံးမှု၊ ပြည်တွင်း ကုန်သွယ်မှုနှင့် ပြည်ပကုန်သွယ်မှုတို့ကို ချိတ်ဆက်ပေးသည့် Real economy စီးပွားရေး၏ “သွေးကြိုးများ” ဖြစ်၍ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ကုန်စည်စီးဆင်းမှုကုန်ကျစရိတ်များကို ထိရောက်စွာ လျှော့ချပြီး စက်မှုလုပ်ငန်း၏ အဓိက ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ကာ စီးပွားရေးလည်ပတ်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။