ဥရောပဗဟိုဘဏ်သည် ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နှစ်ပတ်လည် အရှုံးပေါ်ခဲ့

(GMT+08:00)2024-02-24 12:57:10  

ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ဥရောပဗဟိုဘဏ်မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဥရောပဗဟိုဘဏ်သည် နှစ် ၂၀ နီးပါးကြာ အမြတ်ရရှိပြီးနောက် ၂၀၂၃ ခုနှစ်တွင် ယူရို ၁.၂၆၆ ဘီလီယံ အရှုံးပေါ်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ ၎င်းသည် ၂၀၀၄ ခုနှစ်နောက်ပိုင်း ဥရောပဗဟိုဘဏ်၏ ပထမဆုံးအကြိမ် နှစ်ပတ်လည် အရှုံးပေါ်ခဲ့ ခြင်း ဖြစ် သည်။

အဆိုပါ အစီရင်ခံစာအရ ဆုံးရှုံးမှုဖြစ်ပေါ်ခြင်း၏ အဓိကအကြောင်းရင်းမှာ ၂၀၂၃ ခုနှစ်တွင် ဥရောပဗဟိုဘဏ်၏ ကြီးမားသော အသားတင်အတိုးအသုံးစရိတ်ကြောင့် ဖြစ်သည်ဟု သိရပါသည်။ ယင်းအစီရင်ခံစာတွင် ဥရောပဗဟိုဘဏ်သည် လာမည့်နှစ်များတွင် ငွေ ဆက်လက် ဆုံးရှုံးနိုင်ဖွယ်ရာ ရှိကြောင်း ခန့်မှန်းထားပါသည်။