ရုရှားသည် အမေရိကန်နှင့် ယုံကြည်စိတ်ချရသော ဆက်ဆံမှု ပြန်လည်ထူထောင်ရန် ဖြစ်နိုင်ချေမရှိသေးဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆို

(GMT+08:00)2024-02-23 15:27:22  

ဒေသစံတော်ချိန် ယခုလ ၂၂ ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov သည် ဘရာဇီးနိုင်ငံ၌ G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ပြီးနောက် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။

Lavrov က ရုရှား-အမေရိကန်ဆက်ဆံရေးနှင့်ပတ်သက်၍ "ရုရှားသည် ရန်လိုသော နိုင်ငံဖြစ်ပြီး အမြန်ဖျက်ဆီးရန်နှင့် မဟာဗျူဟာအရ တိုက်ခိုက်ပစ်ရမည်ဆိုသည့် တိုက်ရိုက်ခြိမ်းခြောက်မှု" အတိအလင်းကြေညာခဲ့စဉ်ကတည်းက ရုရှားအတွက် အမေရိကန်နှင့် ယုံကြည်စိတ်ချရသော ဆက်ဆံမှုပြန်လည်ထူထောင်ရန် မဖြစ်နိုင်တော့ ကြောင်း ပြောကြားခဲ့ပါသည်။