ပီရူးနိုင်ငံ ရှေးဟောင်းသုတေသနပညာရှင်များသည် နှစ်သက်တမ်းပေါင်း ၄၇၅၀ ရှိသော ဧရာမ ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ရင်ပြင် တွေ့ရှိ

(GMT+08:00)2024-02-23 15:33:30  

   ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ရက်နေ့က ပီရူးရှေးဟောင်းသုတေသနပညာရှင်များ သည် ပီရူးနိုင်ငံ Callacpuma ရှေးဟောင်းသုတေသနတောင်တန်းနေရာရှိ တူးဖော်ရေး ကွင်းဆက်တစ်ခု၌ နှစ်သက်တမ်းပေါင်း ၄၇၅၀ ရှိသော ဧရာမ ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် စက်ဝိုင်းပုံ ရင်ပြင်တစ်ခုကို တွေ့ရှိခဲ့ပါသည်။ ရှေးဟောင်း သုတေသနပညာရှင် Patricia Chirinosက ယင်းဧရာမ ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ရင်ပြင်သည် နှစ်ပေါင်း ၄၇၅၀ သမိုင်းရှိပြီး တစ်နည်းပြောရလျှင် ဘီစီ ၂၇၀၀တုန်းက တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ အီဂျစ် Pyramids၊ ဗြိတိန် Stonehenge နှင့် ခေတ်တူညီကြောင်း ပြောကြားခဲ့ပါသည်။