ရုရှားသည် တပ်အင်အားကို ဆက်လက် အားဖြည့်မည်ဟု ပူတင်ဆို

(GMT+08:00)2024-02-23 15:38:41  

ဒေသ စံတော်ချိန် ယခုလ ၂၃ရက်နေ့တွင် ရုရှား သမ္မတ ပူတင်သည် အမိနိုင်ငံ ကာကွယ်သူနေ့ ဂုဏ်ပြု မိန့်ခွန်းကို ဗီဒီယိုဖြင့် ပြောကြားပါသည်။

ပူတင်က လက်ရှိ ကမ္ဘာတွင် စိုးရိမ်ဖွယ်ရာကောင်းသော စိန်ခေါ်မှုများနှင့် အန္တရာယ်များ ရှိကြောင်း၊ ရုရှား စစ်တပ်၏ ကြီးမားတောင့်တင်းသော အင်အားနှင့် အချိန်တိုင်း တိုက်ခိုက်ရေး အဆင်သင့် ဖြစ်နေသည့် အနေအထားသည် ရုရှား လုံခြုံရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ အတွက် အာမခံချက် ဖြစ်ကြောင်း၊ ရုရှားသည် အသုံးပြုနိုင်သော နည်းလမ်း မှန်သမျှဖြင့် တပ်အင်အားကို ဆက်လက် အားဖြည့်မည် ဖြစ်ကြောင်း ပြောကြားပါသည်။