ယခုနှစ် ပထမသုံးလပတ်တွင် စားသုံးမှု စျေးကွက် တည်ငြိမ်စွာ တိုးတက်သွားမည်ဟု ခန့်မှန်းရကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-02-23 15:26:40  

ယခုလ ၂၂ ရက်နေ့က ကျင်းပခဲ့သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ He ya dong က နှစ်သစ်ကူးစားသုံးကုန် ရာသီ ရောင်းအားကောင်းမှုနှင့် သက်ဆိုင်ရာ မူဝါဒများမှ တွန်းအားပေးမှုကြောင့် ပထမ သုံးလပတ်တွင် စားသုံးမှု စျေးကွက် တည်ငြိမ်စွာ တိုးတက်သွားမည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။

နောက်အဆင့်ကာလတွင် ကုန်သွယ်ရေးဝန်ကြီးဌာနသည် စားသုံးမှုမြှင့်တင်ရေးနှစ် အပါအဝင် လုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်ပြီး၊ စားသုံးမှုမြှင့်တင်ရေးမူဝါဒနှင့် လုပ်ဆောင်ချက်များကို တိကျစွာ အကောင်အထည်ဖော်ဆောင်ကာ၊ စားသုံးမှုဆက်လက် ချဲ့ထွင်ရန် တွန်းအားပေးမည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။