G-20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း”ဖြင့် ပါလက်စတိုင်း-အစ္စရေးပြဿနာကို ဖြေရှင်းရန် ထောက်ခံ

(GMT+08:00)2024-02-23 15:28:41  

၂ရက်ကြာကျင်းပသော G-20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၂ရက်နေ့က ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့တွင် ကျင်းပပြီးစီးခဲ့ပြီးနောက် သတင်းစာ ရှင်းလင်းပွဲ၌ ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး ဗီအဲရာက အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ကိုယ်စားလှယ် အားလုံးနီးပါးတို့သည် “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း”ဖြင့် ပါလက်စတိုင်း-အစ္စရေးပြဿနာကို ဖြေရှင်းရန် တညီတညွတ်တည်းထောက်ခံကြသည်ဟု ပြောကြားခဲ့ ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

တစ်ကမ္ဘာလုံး စီမံအုပ်ချုပ်မှု စနစ် ပြုပြင်ပြောင်းလဲရေးပြဿနာကို ဆွေးနွေးရာတွင် အစည်းအဝေးသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များသည် လက်ရှိကမ္ဘာမှာ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာရန်ပုံငွေအဖွဲ့စသော အဓိက နိုင်ငံတကာဌာန များအား ပြုပြင်ပြောင်းလဲသင့်သည်ဟု တညီတညွတ်တည်းယူဆကြကြောင်း ဗီအဲရာက ပြောကြားခဲ့ပါသည်။