ဗင်နီဇွဲလားနိုင်ငံတွင် တရားမဝင် လုပ်ကိုင်နေသော ရွှေတွင်းတစ်ခု ပြိုကျပြီး လူ ၁၄ ဦး ထက်မနည်း သေဆုံး

(GMT+08:00)2024-02-23 15:23:04  

    ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က  ဗင်နီဇွဲလားနိုင်ငံ ဘိုလီဗာလ် ပြည်နယ်  လာပိုလူအာဒေသတွင် ဒေသခံများသည် သေဆုံးသွားသည့် မိုင်းတွင်းလုပ်သားများ၏ ရုပ်အလောင်း များကို ထည့်ထားသည့် ခေါင်းသေတ္တာများကို သင်္ချိုင်းတွင်းများသို့ ချရန် အတူတကွ လုပ်ဆောင်ခဲ့ကြပါသည်။ ယခုလ ၂၁ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံ အလယ်ပိုင်းဒေသရှိ တရားမဝင် ရွှေတွင်းတစ်ခု ပြိုကျခဲ့ပြီး လူ ၁၄ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရက ထိုနေ့က ပြောကြားခဲ့ပါသည်။