တရုတ်နိုင်ငံသည် စပိန်နိုင်ငံနှင့် ပန်ဒါကြီးကာကွယ်ခြင်းဆိုင်ရာ ပူးပေါင်းသုတေသနပြုမှု အသစ်ကို စတင်မည်

(GMT+08:00)2024-02-23 15:36:47  

 တရုတ်တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအသင်းသည် စပိန်နိုင်ငံ Madrid တိရစ္ဆာန်ရုံ၊ အမေရိကန် နိုင်ငံ San Diego တိရစ္ဆာန်ရုံတို့နှင့် မကြာသေးမီက ပန်ဒါကြီးကာကွယ်ရေး ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကိစ္စသစ် တစ်ခုအတွက် သဘောတူညီမှုရရှိခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အမျိုးသားတိရစ္ဆာန်ဥယျာဉ်နှင့် သြစတြီးယားရှိ Schonbrunn တိရစ္ဆာန်ဥယျာဉ်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုအသစ်အတွက် ညှိနှိုင်းမှုများ လုပ်ဆောင်လျက်ရှိသည်။