UNRWA၏ ရန်ပုံငွေသည် မတ်လ လကုန်ပိုင်းတွင် ကုန်ခန်းတော့မည်ဟု UNRWAအရာရှိဆို

(GMT+08:00)2024-02-23 15:39:29  

ယခုလ ၂၂ရက်နေ့က အရှေ့အနီးပိုင်း(the Near East)ရှိ ပါလက်စတိုင်း ဒုက္ခသည် ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့(United Nations Relief and Works Agency for Palestine Refugees in the Near East)(UNRWA)၏ လက်ဘနွန် ဆိုင်ရာ ဌာနရုံးမှ ဒါရိုက်တာ ကလောစ်က UNRWA၏ ရန်ပုံငွေသည် မတ်လ လကုန်ပိုင်းတွင် ကုန်ခန်းတော့မည်ဖြစ်ကြောင်း၊ UNRWAအား ရန်ပုံငွေထောက်ပံ့မှု ရပ်ဆိုင်းသည်ဟု ကြေညာခဲ့သည့် နိုင်ငံများက UNRWAအား ဆက်လက် ရန်ပုံငွေ ထောက်ပံ့ဖို့ ပြန်လည် စဉ်းစားပေးရန် ပန်ကြားကြောင်း ပြောကြားခဲ့ပါသည်။