တရုတ်နှင့် အိန္ဒိယ တပ်မတော်တို့သည် ၂၁ကြိမ်မြောက် တပ်မှူးအဆင့် ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00)2024-02-22 14:58:27  

    ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တရုတ်နှင့် အိန္ဒိယတပ်မတော်တို့သည် Moldo/Chushul အစည်းအဝေးစခန်း တရုတ်ဘက်တွင် ၂၁ ကြိမ်မြောက် တပ်မှူးအဆင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ပါ သည်။ နှစ်ဖက်တို့က အတူအလေးထားကြသည့် နယ်စပ်ဒေသ ပြဿနာများနှင့်ပတ်သက်၍ နက်ရှိုင်းစွာနှင့် အပြုသဘောဆောင်သော ကူးလူးဖလှယ်မှုကို ပြုလုပ်ခဲ့ရာ နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ သဘောတူညီမှုကို ဦးဆောင်မှု အဖြစ် ထားပြီး စစ်ရေးနှင့် သံတမန်ရေး နည်းလမ်း မှတစ်ဆင့် ဆက်လက် ကူးလူးဆက်ဆံပြီး နှစ်ဖက်စလုံး လက်ခံနိုင်သော ဖြေရှင်းရေးနည်းလမ်းများကို အမြန်ဆုံးရရှိရန် သဘောတူကြကြောင်း၊ ထိုအချိန်တွင် တရုတ်-အိန္ဒိယနယ်စပ်ဒေသ၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းသွားရန် သဘောတူကြ ကြောင်း သတင်းအရ သိရပါသည်။