ရှီကျင့်ဖိန်နှင့် ကွန်ဂို သမ္မတ နိုင်ငံ သမ္မတ Denis Sassou-Nguessoတို့သည် တရုတ်-ကွန်ဂို သမ္မတ နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိသည့် နှစ်၆၀ပြည့်မြောက်ခြင်း အတွက် ဂုဏ်ပြု သဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2024-02-22 22:33:19  

ယခုလ ၂၂ရက်နေ့တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် ကွန်ဂို သမ္မတ နိုင်ငံ သမ္မတ Denis Sassou-Nguessoတို့ သည် တရုတ်-ကွန်ဂို သမ္မတ နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိသည့် နှစ်၆၀ပြည့်မြောက်ခြင်း အတွက် ဂုဏ်ပြု သဝဏ်လွှာ အပြန်အလှန် ပေးပို့ပါသည်။

ရှီကျင့်ဖိန်က မိမိသည် တရုတ်-ကွန်ဂို သမ္မတ နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို လွန်စွာ အလေးထားပြီး သမ္မတ Denis Sassou-Nguessoနှင့် အတူ နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ထားရှိသည့် နှစ်၆၀ပြည့်မြောက်ခြင်းကို အစပြုကာ တရုတ်-ကွန်ဂို သမ္မတ နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု၏ အနှစ်သာရများကို အဆက်မပြတ် တိုးပွားစေ၍ အဆင့်မြင့်မားသည့် တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်း လက်တွဲ တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖော် ပြ ပါသည်။

Denis Sassou-Nguessoက မိမိသည် ကွန်ဂို သမ္မတ နိုင်ငံ-တရုတ် မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှုကို တစ်ဆင့်တိုး ခိုင်မာနက်ရှိုင်း‌စေရန် ဆောင်ရွက်ပြီး အဆင့်မြင့်မားသည့် တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရန် အတွက် အကျိုးပြုစွမ်းဆောင်လိုကြောင်း ဖော်ပြပါသည်။