ဝမ်ယိသည် မြူးနစ် လုံခြုံရေး ညီလာခံ တက်ရောက်ပြီး စပိန်နှင့် ပြင်သစ်နိုင်ငံများသို့ အလည်အပတ်သွားရောက်ပြီးနောက် တရုတ်မီဒီယာများနှင့် တွေ့ဆုံ

(GMT+08:00)2024-02-22 14:57:27  

ယခုလ ၂၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အကြိမ် ၆၀ မြောက် မြူးနစ်လုံခြုံရေး  ညီလာခံကို တက်ရောက်ပြီး၊ စပိန်နှင့် ပြင်သစ်နိုင်ငံများသို့ အလည်အပတ် သွားရောက်ပြီးနောက် တရုတ် မီဒီယာများနှင့် တွေ့ဆုံခဲ့ပါသည်။

ဝမ်ယိက ယခုအကြိမ် မြူးနစ် လုံခြုံရေး ညီလာခံမှ အစီရင်ခံစာသည် “ဆုံးရှုံးခြင်းများစွာ” ခေါင်းစဉ်ဖြင့် နိုင်ငံတကာ အခြေအနေအပေါ် ဥရောပမှ အဆိုးမြင်မှုများကို ဖော်ပြကာ၊ လက်ရှိ ကမ္ဘာမှာရင်ဆိုင်နေရသည့် ကြမ်းတမ်းသော စိန်ခေါ်မှုများကို ထင်ဟပ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းသည် တရုတ်နိုင်ငံ၏ ကမ်းလှမ်းချက်များကို ကျယ်ပြန့်စွာ အာရုံစိုက်ကြကြောင်း၊ တရုတ်နိုင်ငံမှ ပေးပို့လိုက်သော ရှင်းလင်းပြတ်သားသည့် အချက်ပြချက်မှာ တရုတ်နိုင်ငံသည် မတည်မငြိမ်ဖြစ်နေသောကမ္ဘာတွင် တည်ငြိမ်သော အင်အားအဖြစ် ပြတ်ပြတ်သားသားဆောင်ရွက်သွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။