ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း အပေါ် အမေရိကန်မှ ထပ်မံ ငြင်းပယ်လိုက်ခြင်းအား လွန်စွာစိတ်ပျက်ပြီး မကျေမနပ်ဖြစ်မိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-02-22 14:58:02  

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဂါဇာကမ်းမြောင်၌ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်နိုင်ငံက ထပ်မံငြင်းဆိုခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က အမေရိကန်မှ ဗီတိုအာဏာ အသုံးပြုခြင်းသည် ဂါဇာကမ်း ကမ်းမြောင် အခြေအနေကို အန္တရာယ်ပိုများသော အခြေအနေသို့ တွန်းပို့လိုက်ပြီး၊ တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာဘက်အသီးသီးတို့သည် လွန်စွာ စိတ်ပျက်ပြီး မကျေမနပ်ဖြစ်မိကြကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။