brain-computer interface ကိရိယာကို လူသားအစားထိုးကုသခံရသော ပထမဆုံးလူသည် ဦးနှောက်မှတစ်ဆင့် mouseကို ထိန်းချုပ်နိုင်ပြီဟု Elon Musk က ဆို

(GMT+08:00)2024-02-22 17:30:23  

မီဒီယာများစွာမှသတင်းများအရ အမေရိကန်လုပ်ငန်းရှင် Elon Muskက ၎င်း၏ brain-computer interface ကုမ္ပဏီဖြစ်သည့် Neuralinkသည် မကြာခင်က ပထမဆုံး brain-computer interface ကိရိယာကို လူသားအစားထိုးကုသမှုပြုလုပ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် လူသားအစားထိုးကုသခံရသူသည် အပြည့်ပြန်လည်ကျန်းမာလာပုံရပြီး မကောင်းသော ခံစားမှုမတွေ့ကြောင်း ဖေဖော်ဝါရီလ ၁၉ရက်နေ့က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Elon Muskက ၎င်း လူသားအစားထိုးကုသခံရသူသည် အတွေးများဖြင့် mouseကို ရွှေ့ပြောင်းနိုင်ပြီဖြစ်ကြောင်း၊ လက်ရှိတွင် Neuralinkကုမ္ပဏီသည် ၎င်းအား အတွေးများဖြင့် mouseကို တတ်နိုင်သမျှ များစွာ နှိပ်ရန်၊ အပေါ်နှင့်အောက်ရွှေ့ပြောင်းခြင်း တတ်နိုင်သမျှ များစွာ ရွှေ့ပြောင်းစေနိုင်ရန် ကြိုးစားနေကြောင်း ပြောကြားခဲ့ပါသည်။