ဗြိတိန်နိုင်ငံ ဝေလ(Wales)ရှိ အငယ်တန်းဆရာဝန်များ ထပ်မံသပိတ်မှောက်

(GMT+08:00)2024-02-22 15:00:30  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် လုပ်ခလစာ အငြင်းပွား မှုကြောင့် ဗြိတိန်နိုင်ငံဝေလ(Wales)ရှိ အငယ်တန်းဆရာဝန်များသည် သုံးရက်ကြာ သပိတ်မှောက်မှု စတင်ခဲ့ပြီး အငယ်တန်းဆရာဝန် ၃၀၀၀ ကျော် ပါဝင်ခဲ့ကြသည်။ သပိတ်မှောက်မှုသည် ကျန်းမာရေးဝန်ဆောင်မှုစနစ် အပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိမည်ဟု ခန့်မှန်းထားပြီး ဆေးဘက်ဆိုင်ရာ ချိန်းဆိုမှုများနှင့် ကုသမှုများကို ဖျက်သိမ်းကာ စီစဉ်ထားသည့် ခွဲစိတ်မှုများကိုလည်း  ရွှေ့ဆိုင်းနိုင်ဖွယ်ရှိကြောင်း သိရပါသည်။