ဂျူလီယန် အက်စ်ဆန်း အား ကန်သို့ တရားခံလွှဲအပ်ရန် ငြင်းပယ်လိုက်သည့် အယူခံမှုနှင့် ပတ်သက်ပြီး ဗြိတိန်အဆင့်မြင့်တရားရုံး၏ ကြားနာမှု ပြီးဆုံး

(GMT+08:00)2024-02-22 14:59:25  

ဝီကီလိခ်(WikiLeaks) တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်း(Julian Assange)ကို အမေရိကန်နိုင်ငံသို့ တရားခံလွှဲအပ်ရန် ငြင်းပယ်လိုက်သည့် အယူခံမှုနှင့်ပတ်သက်ပြီး ဗြိတိန် အဆင့်မြင့်တရားရုံး၏ ကြားနာမှု ဖေဖော်ဝါရီလ ၂၁ရက်နေ့က ပြီးဆုံးခဲ့ပါသည်။ ထိုနေ့ က တရားသူကြီးသည် စီရင်ဆုံးဖြတ်ချက် မချဘဲ နောက်ရက်တွင် ကြေညာမည်ဟု ပြောကြားခဲ့ပါသည်။
    ၂ရက်ကြာ တရားရုံး၏ ကြားနာမှုတွင် ဂျူလီယန် အက်စ်ဆန်း၏ ရှေ့နေအဖွဲ့သည် ၂၀၂၂ခုနှစ်က ဂျူလီယန် အက်စ်ဆန်းအား အမေရိကန်နိုင်ငံသို့ တရားခံလွှဲအပ်ရန် အတည်ပြုခဲ့သည့် ဗြိတိန်ပြည်ထဲရေးဝန်ကြီး Dame Priti Sushil Patel ၏ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် လျှောက်ထားသည့်အပြင် ၂၀၂၁ခုနှစ်က အဆင့်မြင့်တရားရုံး၏ စီရင်ဆုံးဖြတ်ချက်အပေါ်လည်း မယုံသင်္ကာစိတ်ဖြင့်မေးမြန်းပါသည်။ ဂျူလီယန် အက်စ်ဆန်း ၏ ရှေ့နေအဖွဲ့က အမေရိကန် အာဏာပိုင်တို့သည် ဂျူလီယန် အက်စ်ဆန်းမှ အမေရိကန် အစိုးရ၏ ရက်စက်မှုများကို ဖော်ထုတ်ခဲ့သဖြင့် ဂျူလီယန် အက်စ်ဆန်းအား အရေးယူရန် ကြိုးစားနေကြောင်း၊ အမေရိကန်နိုင်ငံသို့ လွှဲအပ်လျှင် ဂျူလီယန် အက်စ်ဆန်းသည် တရားရေး ဆိုင်ရာ တရားမျှတမှု မရရှိခြင်းကို ခံရနိုင်ဖွယ်ရာရှိကြောင်း တင်ပြခဲ့ပါသည်။ အမေရိကန်အစိုးရကို ကိုယ်စားပြုသော ရှေ့နေကမူ ဂျူလီယန် အက်စ်ဆန်းမှ ပေါက်ကြား လာသော စာရွက်စာတမ်းများကြောင့် အမေရိကန်နိုင်ငံ၏ လုံခြုံရေးနှင့် သတင်း ထောက်လှမ်းရေးဌာနများကို ထိခိုက်စေခဲ့ကြောင်း တင်ပြခဲ့ပါသည်။