အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိဒုက္ခသည်စခန်းများကို တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၁၇ ဦး သေဆုံး

(GMT+08:00)2024-02-22 14:59:53  

အစ္စရေးစစ်တပ်သည် ၂၁ ရက်နေ့ညတွင် ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ Nusayrat ဒုက္ခသည်စခန်း၏နေအိမ်တစ်ခုကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ကျန်းမာရေးဌာနမှ ဆင်ဟွာသတင်းဌာန သတင်း ထောက်အား ထိုနေ့တွင် ပြောကြားခဲ့သည်ဟု သိရပါသည်။