နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ တရုတ် ရိုးရာ နှစ်သစ် ပထမ ခရီးစဉ်သည် အောင်မြင်မှုများ ရရှိ

(GMT+08:00)2024-02-21 15:32:32  

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ တရုတ် ရိုးရာ နှစ်သစ် ပထမဆုံး ခရီးစဉ်ဖြစ်သည့် စပိန်ခရီးတွင် မည်သည့်အောင်ကျိုးရလဒ်များရရှိခဲ့သနည်း၊ တရုတ်-စပိန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့်အခန်းကဏ္ဍမှ ပါဝင်မည် ဖြစ်သနည်း ဆိုတာကို သတင်းထောက်များက မေးမြန်းခဲ့ပါသည်။ ယင်းနှင့် ပတ်သက်၍ မော်နင်က ယခုအကြိမ် ဝန်ကြီးဝမ်ယိ၏ ခရီးစဉ်သည် လွန်ခဲ့သည့် ၆နှစ်အတွင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး၏ ပထမဆုံး စပိန်နိုင်ငံသို့ ခရီးလှည့်လည်ခြင်းဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်တို့ ရရှိခဲ့သော အရေးကြီးသဘော တူညီမှုကို အကောင်အထည်ဖော်ဆောင်ရန်နှင့် လာမည့် နှစ်၅၀ အတွင်း တရုတ်-စပိန် ဆက်ဆံမှု အခန်းကဏ္ဍသစ် ဖွင့်လှစ်ရန် အတွက် ကောင်းမွန်သည့် အစပြုမှုကို ဖန်တီးရန် ရည်ရွယ်ထား ကြောင်း၊ ယခုအကြိမ်ခရီးစဉ်ကို စပိန်ဘက်မှ နွေးထွေးဖော်ရွေစွာ လက်ခံခဲ့ပြီး လျာထားသည့် ရည်မှန်းချက် ပန်းတိုင်များကို ပြီးမြောက်ကာ အောင်မြင်မှုများစွာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။