တရုတ်နိုင်ငံမှကိုယ်တိုင် တီထွင်ထုတ်လုပ်မည့် တစ်ကမ္ဘာလုံးတွင် ပထမဆုံး အမိုနီယာ လောင်စာ(Ammonia fuel)သုံး ကုန်သေတ္တာ သင်္ဘောသည် ဘယ်လ်ဂျီယံ သင်္ဘော ကုမ္ပဏီမှ အမှာစာ ရရှိ

(GMT+08:00)2024-02-21 15:39:31  

မကြာခင်က တရုတ်နိုင်ငံမှ ကိုယ်တိုင် တီထွင်ထုတ်လုပ်မည့်  သင်္ဘောဝမ်း အမိုး မျက်နှာကြက်မရှိသော 1400TEU ကုန်သေတ္တာ သင်္ဘောသည် ဘယ်လ်ဂျီယံ(Belgium) သင်္ဘော ကုမ္ပဏီ CMB.TECHမှ အမှာစာ ရရှိခဲ့ပါသည်။ ယင်းသင်္ဘောမျိုးသည် တစ်ကမ္ဘာ လုံးတွင် ပထမဆုံး အမိုနီယာ လောင်စာ(Ammonia fuel)သုံး ကုန်သေတ္တာ သင်္ဘော ဖြစ်ပါ သည်။ ယင်းအမှာစာ အောင်မြင်စွာ ချုပ်ဆိုခြင်းသည် ကမ္ဘာ့ ရေကြောင်း သယ်ယူ ပို့ဆောင် ရေးက သန့်စင် စွမ်းအင်နယ်ပယ်တွင် အရေးကြီးသည့် ထိုးဖောက် ကျော်လွှားမှု ထပ်မံ ရရှိခြင်းကို ဖော်ပြနေပါသည်။

   ယင်းသင်္ဘော၏ အရှည်မှာ မီတာ ၁၅၀ခန့်ရှိပြီး အကျယ်မှာ ၂၇မီတာခန့် ရှိကာ ပေ ၂၀ TEU ၁၄၀၀ခန့်ကို သယ်ဆောင်နိုင်ကြောင်း သိရပါသည်။