ကမ္ဘောဒီးယား Phnom Penh Bassac မြစ်ကူးတံတား စတင်တည်ဆောက်

(GMT+08:00)2024-02-21 15:35:06  

တရုတ်ကုမ္ပဏီမှ လက်ခံတည်ဆောက်သော ကမ္ဘောဒီးယား Phnom Penh Bassac မြစ်ကူးတံတားစီမံကိန်း စတင်တည်ဆောက်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ရက်နေ့ က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်၌ ကျင်းပခဲ့ပါသည်။ Phnom Penh Bassac မြစ်ကူးတံတားသည် ဖနွမ်းပင်မြို့၏ တောင်ပိုင်းဒေသတွင် တည်ရှိပြီး စုစုပေါင်းအရှည် မီတာ ၁၆၅၀ ရှိမည် ဖြစ်သည်။ Phnom Penh Bassac မြစ်ကူးတံတားသည် အသွားအပြန် လေးလမ်းသွားကားလမ်း၊ နှစ်လမ်းသွားမော်တော်ဆိုင်ကယ်လမ်းနှင့် နှစ်လမ်းသွား လူသွားလမ်းကို ဒီဇိုင်းရေးဆွဲ တည်ဆောက်နေခြင်း ဖြစ်ပါသည်။ ၄င်းစီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးရန် စီစဉ်ထားကြောင်း သိရှိရ သည်။