အမေရိကန်နှင့် ဥရောပတို့သည် "ပိုမြန်မြန်ပြေးနိုင်အောင်" မလိုက်စားဘဲ "သူများကို ခြေထိုးခံရန်" ကြိုးစားသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-02-21 15:24:08  

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။

သတင်းထောက်တစ်ဦးက အမေရိကန်သည် အကောက်ခွန် အပြင်က နည်းလမ်းများ ကျင့်သုံးပြီး တရုတ်ပြည်ထုတ် စမတ် မော်တော်ကားနှင့် သက်ဆိုင်ရာ အစိတ်အပိုင်းပစ္စည်း တင်သွင်းမှုကို ကန့်သတ်ရန် စဉ်းစားနေပြီး ဥရောပသမဂ္ဂသည်လည်း တရုတ်ပြည်ထုတ် လျှပ်စစ်မော်တော်ကားများအပေါ် ထောက်ပံ့ကြေး ဆန့်ကျင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု စတင် ပြုလုပ်ခဲ့သည့်အပေါ် ပြောရေးဆိုခွင့်ရှိသူက မည်သည့် မှတ်ချက်များ ရှိပါသနည်းဟု မေးမြန်းခဲ့သည်။

ယင်းနှင့် ပတ်သက်ပြီး မော်နင်က နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ပြောသလိုပဲ "အန္တရာယ် တားဆီးခြင်း"ကို အမည်ပြပြီး"ခြံဝင်းငယ်နှင့် နံရံအမြင့်" ပြုလုပ်ကာ "ပိုမြန်မြန်ပြေးနိုင်အောင်" မလိုက်စားဘဲ "သူများကို ခြေထိုးခံရန်" ကြိုးစားခြင်း လုပ်ရပ်များသည် အောင်နိုင်သည်ဟုထင်သော်လည်း အမှန်တော့ ၎င်းတို့၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုများကို ဆုံးရှုံးသည့်အပြင် ကမ္ဘာကြီး တိုးတက်မှုနှင့် စည်ပင်သာယာမှုကို လည်း ထိခိုက်စေခဲ့ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။