တောင်ကိုရီးယားတွင် အလုပ်သင်ဆရာဝန်နှင့် ဆရာဝန်၈၈၁၆ဦးက အလုပ်နုတ်ထွက်စာများ တင်သွင်း

(GMT+08:00)2024-02-21 15:36:05  

ဒေသစံတော်ချိန် ယခုလ ၂၁ရက်နေ့က တောင်ကိုရီးယား ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အဆိုအရ တောင်ကိုရီးယားရှိ ဆေးရုံပေါင်း ၁၀၀မှ အလုပ်သင်ဆရာဝန်နှင့် ဆရာဝန် စုစုပေါင်း ၈၈၁၆ဦးသည် အလုပ်နုတ်ထွက်စာများ တင်ပြီး နုတ်ထွက်စာတင်သည့် ဆရာဝန် အရေအတွက်သည်  အဆိုပါ ဆေးရုံပေါင်း ၁၀၀မှ ဆရာဝန် ဦးရေ စုစုပေါင်း၏ ၇၁.၂ရာခိုင်နှုန်းရှိ ကြောင်း သတင်းအရ သိရှိရသည်။