အင်ဒိုနီးရှား ရွာသူရွာသားများသည် ရိုးရာပွဲတော်ကို ဆင်နွှဲ

(GMT+08:00)2024-02-21 15:25:05  

အင်ဒိုနီးရှားနိုင်ငံ မြောက်လွမ်ဘော့ကျွန်း ဘယန်ရွာ၌ ဒေသခံ ပြည်သူများသည်  Gawe Beleq ပွဲတော် အခမ်းအနားကို ကျင်းပကြပြီး၊ ဆန်ဆေးကြောခြင်းသည် အခမ်းအနား၏ အရေးပါေသာ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ရွာသူရွာသားများသည် ရောင်စုံ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားပြီး မြစ်ထဲတွင် ဆန်ဆေးကြကာ အဆိုပါ ရေဆေးထားသော ဆန်များကို ပွဲတော် အတွက် ထမင်း ချက်ပြုတ်မည် ဖြစ်ကြောင်း သိရှိရသည်။