ပြင်သစ်နိုင်ငံသမ္မတ Macron သည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00)2024-02-21 15:37:39  

ဒေသစံတော်ချိန် ယခုလ ၂၀ ရက်နေ့က ပြင်သစ်နိုင်ငံသမ္မတ Macron သည် ပဲရစ်တွင် အလည်အပတ်ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့သည် ခိုင်မာသော အပြန် အလှန်ယုံကြည်မှုနှင့် ရိုးသားသောချစ်ကြည်ရေးကို ထူထောင်ပြီး၊ နှစ်ဖက်တို့ မဟာ ဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေးဦးတည်ချက်ကို ဦးဆောင်ကာ၊ ကမ္ဘာအတွက်လည်း အရေး ကြီး အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုရှိကြောင်း ပြောကြား ခဲ့ပါသည်။

Macron က ပြင်သစ်နိုင်ငံသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေး မူဝါဒကို အစဉ်တစိုက် ကျင့်သုံးပြီး ယင်းရပ်တည်ချက်သည် ရှင်းလင်းပြတ်သားကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရာတွင် ပြင်သစ်သည် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လက်တွဲ ကာကွယ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။