ရုရှားသည် အာကာသထဲတွင် နျူကလီးယားလက်နက်ချထားမှုကို အမြဲတမ်း ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု ပူတင်ဆို

(GMT+08:00)2024-02-21 15:30:31  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံအနေဖြင့် အာကာသ အတွင်း နျူကလီးယားလက်နက်ချထားရေးကို အမြဲတမ်း ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ရုရှား သည် အာကာသ၌ အမေရိကန်အပါအဝင် အခြားနိုင်ငံ လုပ်ဆောင်သော ကိစ္စများ ကိုသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပူတင်သည် ထိုနေ့က ကရင်မလင်နန်းတော်၌ ရုရှားကာကွယ်ရေးဝန်ကြီး Shoigu ၏ အစီရင်ခံစာကို ကြားနာရာတွင် အမေရိကန်အပါအဝင် အနောက်နိုင်ငံများက ရုရှားသည် အာကာသထဲတွင် နျူကလီးယားလက်နက် ချထားသည်ဟု သတင်းဖြန့်နေသည့် အကြောင်းကို ဖော်ပြခဲ့သည်။ Shoigu က ရုရှားသည် အာကာသထဲတွင် နျူကလီးယားလက်နက်များ ချထားခြင်းမရှိကြောင်းနှင့် ယင်းနှင့် ပတ်သက်၍ အနောက်နိုင်ငံများက အလွန်ရှင်းလင်းကြောင်း ပြောကြားခဲ့ သည်။