ဟူသီ လက်နက်ကိုင်တပ်ဖွဲ့သည် အမေရိကန်တပ်ဖွဲ့၏ ဒရုန်းတစ်စင်းကို ပစ်ချခဲ့

(GMT+08:00)2024-02-21 15:40:32  

အမေရိကန်တပ်ဖွဲ့မှ MQ-9 “Reaper” ဒရုန်းတစ်စင်းကို ယီမင်နိုင်ငံအနီးတွင် ဟူသီ လက်နက်ကိုင်အဖွဲ့က ပစ်ချခဲ့ကြောင်း၊ ယင်းသည် ၂၀၂၃ခုနှစ် နိုဝင်ဘာလနောက်ပိုင်းတွင် ဟူသီ လက်နက်ကိုင်တပ်ဖွဲ့ ပစ်ချသော ဒုတိယ MQ-9 “Reaper” ဒရုန်းဖြစ်ကြောင်း၊ အမေရိကန်အရာရှိတစ်ဦးက အတည်ပြုပြောဆိုခဲ့သည်ဟု  ABCမှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြခဲ့ ပါသည်။

အမေရိကန်လေတပ်မှ သတင်းအရ MQ-9 “Reaper” ဒရုန်းသည် သတင်းအချက်အလက်များကို ရှာဖွေရန် အဓိကအသုံးပြုပြီး ဒရုန်းတစ်စင်း၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း၅၀ကျော် ရှိကြောင်း သိရှိရပါသည်။