နက္ခတ္တဗေဒပညာရှင်များသည် ကြီးထွားမှု မြန်နေသော တွင်းနက်ကို ရှာဖွေတွေ့ရှိ

(GMT+08:00)2024-02-21 15:38:27  

ဩစတေးလျအမျိုးသားတက္ကသိုလ် သုတေသီများ ဦးဆောင်သော အဖွဲ့သည် မကြာမီ က ဗြိတိန် မဂ္ဂဇင်း "Nature Astronomy" တွင် ဆောင်းပါးထုတ်ပြန်ပြီး၊ ၎င်းတို့သည် လက်ရှိအချိန်အထိ ကြီးထွားမှု  မြန်နေသော  တွင်းနက်ကို ရှာဖွေတွေ့ရှိခဲ့ ပြီး၊ ယင်း တွင်းနက်မှ နေ့စဉ်စုတ်ယူနေသည့် ပစ္စည်းပမာဏသည် နေလုံး တစ်လုံးနှင့် ညီမျှကြောင်း ဖော်ပြ ခဲ့ပါသည်။

ဩစတေးလျအမျိုးသားတက္ကသိုလ်မှ ၂၀ ရက်နေ့ ထုတ်ပြန်သည့် သတင်းအရ ယင်းတွင်းနက်၏ ဒြပ်ထုသည် နေ၏ အဆ ၁၇ ဘီလီယံရှိပြီး ကမ္ဘာနှင့် အလင်းနှစ် ၁၂ ဘီလီယံကျော် ကွာဝေးသည်ဟု သိရပါသည်။