ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂါဇာဒေသနှင့်ပတ်သက်သော ဆုံးဖြတ်ချက်မူကြမ်းသစ် ကို ကန်သည် ဗီတိုအာဏာဖြင့် ထပ်မံငြင်းပယ်

(GMT+08:00)2024-02-21 15:34:20  

ဖေဖော်ဝါရီလ ၂၀ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အယ်လ်ဂျီးရီးယား နိုင်ငံမှ တင်ပြသော ဂါဇာဒေသအခြေအနေနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်းသစ်ကို မဲပေးဆုံးဖြတ်ရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် အမေရိကန်နိုင်ငံသည် ဗီတိုအာဏာဖြင့် ငြင်းပယ်ခဲ့ပါသည်။

    ၄င်းဆုံးဖြတ်ချက်မူကြမ်းတွင် ဘက်အသီးသီးတို့အနေဖြင့် လိုက်နာကျင့်သုံးရသော လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းအကောင် အထည်ဖော်ရန် တောင်းဆိုထားကြောင်း၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး အမျိုးသမီး နှင့် ကလေးငယ်များအပါအဝင် ပါလက်စတိုင်းအရပ်သူအရပ်သားများ အိုးမဲ့အိမ်မဲ့ ဖြစ်စေသော လုပ်ရပ်များကို ဆန့်ကျင်ကြောင်း၊ ခြွင်းချက်မရှိဘဲ ဓားစာခံများအားလုံးကို ချက်ချင်းလွှတ် ပေးပြီး ၄င်းတို့၏ ဆေးဝါးကုသရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်အောင် လူသားချင်း စာနာထောက်ထားမှုများအား ဝင်ခွင့်ပေးရန် တောင်းဆိုထားကြောင်း ဖော်ပြထားပါသည်။

    နိုင်ငံများစွာသည် အမေရိကန်နိုင်ငံ၏ ဗီတိုအာဏာဖြင့် ထပ်မံငြင်းပယ်မှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဂါဇာနှင့်ပတ်သက်သော ဆုံးဖြတ်ချက် မူကြမ်းကို အတည် မပြုနိုင်ခြင်းအပေါ် ဝမ်းနည်းကြေကွဲဖြစ်မိ ကြကြောင်း သတင်းအရ သိရှိရ သည်။