ယခုနှစ်အတွင်း အမေရိကန်တွင် သေနတ်ပစ်ခတ်မှုကြောင့် လူပေါင်း ၅၀၀၀ နီးပါး သေဆုံးခဲ့ပြီး တစ်နေ့လျှင် ပျမ်းမျှသေဆုံးသူ ၁၀၀ ကျော်ရှိကြောင်း အမေရိကန် ထုတ်ပြန်

(GMT+08:00)2024-02-20 14:39:28  

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ABC သတင်းဌာနမှသတင်းအရ ယခုနှစ်အတွင်း အမေရိကန်တွင် သေနတ် ပစ်ခတ်မှုကြောင့် လူပေါင်း ၅၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။

သေနတ်အကြမ်းဖက်မှုဖိုင်တွဲဌာန၏ ဝက်ဘ်ဆိုက်မှ စာရင်းများကို ကိုးကား၍ ယခုနှစ် ဖေဖော်ဝါရီ လ ၁၅ ရက်နေ့အထိ အမေရိကန်နိုင်ငံတွင် သေနတ်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူပေါင်း ၄၉၉၄ ဦး သေဆုံးခဲ့ပြီး နေ့စဉ် ပျမ်းမျှ လူ ၁၀၈ ဦး သေဆုံးကာ ၃၃၅၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အမေရိကန် မီဒီယာမှသတင်းဖော်ပြသည်။