ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြား

(GMT+08:00)2024-02-20 14:39:59  

မေး- ဖိလစ်ပိုင်ငါးဖမ်းလုပ်ငန်းနှင့် ရေအရင်းအမြစ်ဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက တရုတ်ငါးဖမ်း သမားများသည် Huangyan ကျွန်းတွင် ဆိုင်ယာနိုက်အသုံးပြုပြီး ဖိလစ်ပိုင်တံငါသည်များ၏ မိရိုးဖလာ ငါးဖမ်းခြင်းများကို တမင်ဖျက်ဆီးရန် ရည်ရွယ်ထားကြောင်း ၁၇ ရက်နေ့က ပြောကြားခဲ့သည်။ Huangyan ကျွန်းရှိ သန္တာကျောက်တန်းများနှင့် အခြားသော အဏ္ဏဝါအရင်းအမြစ်များကို ဖျက်ဆီးရန် တရုတ် ငါးဖမ်းသမားများသည် ဆိုင်ယာနိုက်အသုံးပြုခဲ့သည့် အထောက်အထား လုံးဝမရှိကြောင်းလည်း ၁၈ ရက်နေ့တွင် ၎င်းက ပြောကြားခဲ့သည်။ ဒီအပေါ်မှာ သံရုံးပြောရေးဆိုခွင့်ရှိသူက ဘယ်လိုမှတ်ချက်ပေးလဲဟု မေးမြန်းရာ

ဖြေ- ဖိလစ်ပိုင်ဘက်၏ တရုတ်ငါးဖမ်းသမားတွေက Huangyan ကျွန်းရဲ့ ဂေဟပတ်ဝန်းကျင်ကို တမင်တကာ ဖျက်ဆီးလိုက်တဲ့သတင်းဟာ သက်သက်ဖန်တီးလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံသည် Huangyan ကျွန်းနှင့် ကပ်လျက်ရေပြင်အပေါ် မငြင်းသာသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိသည်။ တရုတ်အစိုးရသည် ဂေဟပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ငါးသယံဇာတ ထိန်းသိမ်း ရေးကို လွန်စွာ အလေးထားပြီး တရားမဝင် ငါးဖမ်းလုပ်ငန်းများကို ပြတ်ပြတ်သားသား နှိမ်နင်းခဲ့သည်။

အချိန်ပိုင်းတစ်ပိုင်းအတွင်း ဖိလစ်ပိုင်ဘက်မှ ရေကြောင်းဆိုင်ရာမှားယွင်းသော သတင်း အချက်အလက်များ အဆက်မပြတ်ဖြစ်ပေါ်ပြီး ရေကြောင်းဆိုင်ရာ တင်းမာမှုများ ပိုမိုဆိုးရွားစေကာ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်မှုကို ထိခိုက်စေခဲ့သည်။ ဖိလစ်ပိုင်သက်ဆိုင်ရာဌာန၏ ပြောရေးဆိုခွင့်ရှိသူ များသည် တရုတ်နိုင်ငံအပေါ် အထောက်အထားလုံးဝမရှိသော ပုပ်ခတ်ပြောဆိုမှုများ ပြုလုပ်ပြီး ကွဲလွဲနေသော ထုတ်ပြန်ချက်များကို ထပ်ခါတလဲလဲ ဖော်ပြခဲ့ကြကာ ၎င်းတို့၏ လေးနက်မှုနှင့် ယုံကြည်နိုင်မှုကို မေးခွန်းထုတ်စရာဖြစ်လာသည်။ သက်ဆိုင်ရာ ဖိလစ်ပိုင်ဌာနများသည် ပင်လယ် ရေကြောင်းဆိုင်ရာ ကိစ္စရပ်များကို လေးနက်သောသဘောထားဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ တရုတ်နိုင်ငံနှင့် လက်တွဲပြီး တောင်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ပူးတွဲကာကွယ်ပေးရန် မျှော်လင့်ပါသည်။