ဘရာဇီးနိုင်ငံသမ္မတ Lulaအား “အစ္စရေးက မကြိုဆိုသောလူ”ဖြစ်သည်ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြား

(GMT+08:00)2024-02-20 16:41:05  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ရက်နေ့က အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Katzသည် အစ္စရေးနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံခဲ့ရာတွင် ဘရာဇီးနိုင်ငံ သမ္မတLulaအား “အစ္စရေးက မကြိုဆိုသောလူ”ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းအရ ထိုနေ့တွင် Katzသည် အစ္စရေးနိုင်ငံ ဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံခဲ့ရာတွင် ယင်းမတိုင်ခင်က ဂါဇာ ကမ်းမြောင်ဒေသ၌ အစ္စရေးနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ဘရာဇီးနိုင်ငံ သမ္မတ Lula၏ ဝေဖန်ချက်များအပေါ် မကျေမနပ်ဖြစ်မိကြောင်း၊ ဘရာဇီးနိုင်ငံ သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံခဲ့ရာတွင် Katzက “သမ္မတ Lulaသည် ၎င်း၏ ပြောဆိုချက်ကို ပြန်မရုပ်သိမ်းမချင်း ၎င်းအား အစ္စရေးက မကြိုဆိုသောလူအဖြစ် သဘောထားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။