တောင်ကိုရီးယား၌ ဆရာဝန် အများအပြား အလုပ်မှနှုတ်ထွက်ကြပြီး ဆေးကုသမှုစနစ်၏ အကျပ် အတည်းသည် အမြင့်ဆုံးသို့ ရောက်ရှိ

(GMT+08:00)2024-02-20 14:40:28  

အစိုးရ၏ ကောလိပ်များနှင့် တက္ကသိုလ်များတွင် ဆေးကျောင်းသားများ တိုးချဲ့ စာရင်းသွင်းမှု မူဝါဒကို ကန့်ကွက်သည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံ မြို့တော်ဧရိယာရှိ အဓိက ဆေးရုံ ၅ ရုံမှ အလုပ်သင် ဆရာဝန်များနှင့် တာဝန်ကျ ဆရာဝန် တစ်ထောင်ကျော်တို့သည် ၁၉ ရက်နေ့တွင် အလုပ်မှ နှုတ်ထွက်ကြပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းကစ၍ အလုပ် ရပ်တန့် တော့မည်ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။ အကယ်၍ အဆိုပါ ဆရာဝန်များ အလုပ်မှနှုတ်ထွက်ပါက အချို့သော ဆေးရုံ များသည် ပုံမှန်အတိုင်း လည်ပတ်နိုင်မည် မဟုတ်ကြောင်း၊ တောင်ကိုရီးယား၏ ဆေးကုသမှု စနစ် အကျပ်အတည်းသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ မည်ဖြစ်ကြောင်း တောင်ကိုရီးယား မီဒီယာမှ သတင်းအရ သိရပါသည်။