ထိုင်းဘန်ကောက် အကောက်ခွန်ရုံးသည် မှောင်ခို တိရစ္ဆာန်များကို သိမ်းဆီးရမိ

(GMT+08:00)2024-02-20 16:39:46  

ဖေဖော်ဝါရီလ ၁၇ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်မည့် အမျိုးသားတစ်ဦး၏ အိတ်ထဲမှ မြွေတစ်ကောင်အား အကောက်ခွန်ဌာနက ရှာဖွေတွေ့ရှိခဲ့ပါသည်။ မွန်ဂိုလီးယား နိုင်ငံသားတစ်ဦးသည်လည်း ကိုမိုဒို ဖွတ်နဂါးကြီး၊ စပါးအုံး၊ လိပ်နှင့် အသက်ရှင်နေသော ငါး၂၄ကောင်တို့ကို နိုင်ငံခြားသို့ မှောင်ခိုရောင်းဝယ်ရန် ပြုလုပ်ခဲ့သည်ဟု သံသယရှိသဖြင့် ထိုင်းလေဆိပ်တွင် အဖမ်းခံခဲ့ရ ကြောင်း ထိုင်း အာဏာပိုင်က ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။