ကနေဒါကာကွယ်ရေးဝန်ကြီးက ယူကရိန်းကို ဒရုန်းအစင်း ၈၀၀ ကျော် ထောက်ပံ့ပေးမည်ဟု ကြေညာ

(GMT+08:00)2024-02-20 14:40:57  

ကနေဒါကာကွယ်ရေးဝန်ကြီး Bill Blair က ကနေဒါနိုင်ငံသည် ဒရုန်း ၈၀၀ ကျော်ကို ယူကရိန်းနိုင်ငံကို လှူဒါန်းသွားမည်ဟု ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ ပထမအသုတ် ဒရုန်းများကို အစောဆုံး ယခုနှစ်နွေဦးရာသီတွင် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။